ရွှေဘိုခရိုင်တွင် နွေစပါးများ စတင်ရိတ်သိမ်း

Powered by Drupal

    ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ နှစ်စဉ်နွေစပါးနှင့် နွေသီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေစပါး(၈၁၀၄၈)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၅၂၅၄၅)ဧက၊ ဝက်လက်မြို့ နယ်တွင်(၇၇၅၁)ဧက၊ ခင်ဦးမြို့နယ်တွင်(၂၀၇၅၂)ဧကစိုက်ပျိုးကြောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆည်ရေများ စတင်ပေးဝေခဲ့ရာ ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းများတွင် ပျိုးထောင်ခြင်းများဆောင်ရွက်ကြပြီး မတ်လလယ်ခန့်မှ စတင်၍ နွေစပါးများစတင်စိုက်ပျိုးခဲ့ကြောင်း၊ ဇွန်လလယ်ခန့်မှစ၍ နွေစပါးများစတင်ရိတ်သိမ်းကြပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၉၀)ကျော်ခန့်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

     ရွှေဘိုဈေးကွက်သို့ နွေစပါးများမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် စတင်ဝင်ရောက်လာပြီး ဈေးကွက် အတွင်းအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ  (747)စပါးတင်း(၁၀၀)လျှင် (၁၆)သိန်း၊ တစ်တင်းခွဲဝင် ဆန်တစ်အိတ်လျှင်(၆၂၀၀ဝိ/-)၊  (72)စပါးတင်း(၁၀၀)လျှင် (၁၆)သိန်းနှင့် တစ်တင်းခွဲဝင်ဆန်အိတ် တစ်အိတ်လျှင် (၆၃၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိသေးဘဲ ဇွန်လကုန်မှသာ စတင်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဆန်စပါးအရောင်းအဝယ်အနည်းငယ်အေးကြောင်း၊  တောင်သူများအနေဖြင့် သွင်းအားစုဈေးနှုန်းနှင့် လုပ်သားခများဈေးနှုန်းကြီးမြင့်၍ တစ်ဧကကုန်ကျစရိတ်များပြားသော်လည်း တစ်ဧကအထွက်နှုန်းကောင်းပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းကောင်းသဖြင့် အတန်အသင့်အကျိုးအမြတ်ရရှိကြောင်း ဆန်စပါး ရောင်းဝယ်သည့် ဆန်စက်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)