တောင်ငူမြို့၊ ညောင်ပင်ဈေးသည် ဒေသတွင်းကျေးရွာများမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များပေါများလှသောကြောင့် ဟင်းသီးဟင်းရွက်ပေါများသောဈေးအဖြစ် နာမည်ကျော်ကြားလှပါသည်။ ကုန်စိမ်းဈေးဟုလည်းခေါ်ပါသည်။ တောင်ငူမြို့အနီးတဝိုက်ရှိ မြို့များသည် ယင်းဈေးမှတစ်ဆင့် ဟင်းသီးဟင်းရွက်များအား ပြန်လည်ဝယ်ယူရောင်းချကြပါသည်။
ညောင်ပင်ဈေးသို့ နံနက်စောစောသွားရောက်၍ဝယ်ယူပါက ကျေးရွာဒေသများမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များမှာ ဈေးနှုန်းချိုသာလှပါသည်။ ညောင်ပင်ဈေးတွင် ယခုရာသီအချိန်၌ ဘုံလုံသီး (ခေါ်) ပဲလင်းမြွေသီးများကို ပေါများစွာရောင်းချနေပါသည်။ ဘုံလုံသီး (ခေါ်) ပဲလင်းမြွေသီးသည် သခွား၊ ဘူး၊ ဖရုံ အနွယ်ဝင်အပင်တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါ သည်။ ၎င်းအသီးများအား များသောအားဖြင့် မြန်မာလူမျိူးအများစုသည် ကြိုက်နှစ်သက်ရာ အစာသွပ်၍ နှစ်ခြိုက်စွာချက်စားကြပါသည််။
ဘုံလုံသီးတွင် ဗီတာမင်ဓာတ်ပေါများစွာပါရှိသောကြောင့်လည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ညောင်ပင်ဈေးတွင် ဘုံလုံသီးအကြီး/အသေးအပေါ်မူတည်၍ ဈေးနှုန်းများကွာခြားပါသည်။ ဘုံလုံသီးအသေး ၅တောင့်၊ ၆တောင့်ခန့်ပါသော အစည်းတစ်စည်းလျှင် ၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)