ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် ဇွန်လ စတုတ္ထအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၀၀၀)ကျပ်ဖြင့် ယခင်အပတ် ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ(အကြီး)တစ်ပိသာ(၃၀၀၀)ကျပ် ၊ (အလတ်) တစ်ပိသာ(၂၅၀၀)ကျပ် ၊ (အသေး) တစ်ပိသာ (၂၃၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံး သေး တစ်ပိသာ (၇၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဂျင်း အညံ့ တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ ရှယ်စ တစ်ပိသာ (၁၀၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက်အနည်းငယ်လျော့ကျလျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျှက်ရှိကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစားအလိုက် တစ်ပိသာ(၃၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ယခင်ဇွန်လဆန်းပိုင်းထက် အနည်းငယ်လျော့ကျနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀)ကျပ် ယခင် တတိယအပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၀၀၀/၈၀၀) ကျပ် ယခင် အပတ်ထက် အနည်းငယ်လျော့ကျကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၂၃၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၂၀၀၀)ကျပ် ယခင်အထက် (၅၀၀)ကျပ် လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်း များ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၄၀၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိပြီး၊  ကြက်သား ဈေး အနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၅၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၆၅၀၀)  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းငယ် ပြန်လည်လျော့ကျလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၇၂၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၇၁၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၄၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)