ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၆-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊  ကဒါရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးနေဇင်သက်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှု့ပြီးမှသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သားစုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)