ဖျာပုံတမံကျေးရွာ(အ-ထ-က)ကျောင်းတွင် ပြည်သူကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံတမံကျေးရွာ (အ-ထ-က) ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ(၂၆၅)ဦး၊ ဆရာ/ဆရာမ(၁၇)ဦး၊ စုစုပေါင်း(၂၈၂)တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ခံတွင်းဆိုင်ရာဆရာမက နည်းစနစ်မှန်စွာသွားတိုက်ခြင်းများကို လက်တွေ့သင်ကြားပေးပြီး သွားနှင့်ခံတွင်းဆိုင်ရာအကြောင်းအရာများကိုဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  အခန်း(၉)၊ ဥပဒေပုဒ်မ(၁၉)အရ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင်အ‌ရေးများ၊ လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသောကုန်စည်များ၏တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်၊ ဝန်ဆောင်မှုများကို မည့်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကိုဟောပြောခဲ့ခြင်း၊ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအခန်း (၁၈)၊ ပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကိုပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားခွင့်စင်တာများဖွင့်ထားကြောင်း၊ Call Center No. (1535) သို့လည်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)