ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ပုဂ္ဂလိကစက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဦး၊ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည်၊ တိုင်းထွေ/အုပ်၊ တိုင်းလျှပ်စစ်၊ တိုင်းစီမံကိန်း၊ တိုင်းလယ်/စီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၊ တိုင်းသစ်တောဦးစီးဌာနမှ အဖွဲ့ဝင်များတက်ရောက်ပါသည်။

   ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးပြီးသော အစားအစာထုတ်လုပ်ခြင်း၊ အဖျော်ယမကာများထုတ်လုပ်ခြင်း၊ သစ်နှင့်သစ်အချောထည်များထုတ်လုပ်ခြင်း၊ အခြားကုန်စည်များထုတ်လုပ်ခြင်း၊ စက်နှင့်စက်ကိရိယာများပြင်ဆင်ခြင်းနှင့်တပ်ဆင်ခြင်း၊ အကြီးစားလုပ်ငန်း(၂၁)ခု၊ အလတ်စားလုပ်ငန်း(၁၀)ခု၊ အသေးစားလုပ်ငန်း(၃၅)ခု၊ စုစုပေါင်းလုပ်ငန်း(၆၆)ခုအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံတင်ပြ ချက်များနှင့်အတူ မှတ်ပုံတင်ခွင့်ပြုရန်တင်ပြလာမှုအပေါ် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ဦးစီးဌာန၊ ရုံးချုပ်သို့ ဆက်လက်တင်ပြနိုင်ရန်  ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)