ပုသိမ်မြို့၊ ဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် ဆန်စပါးသိုလှောင်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

    ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းရှိ တိုင်းဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးသည် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်နှင့် ဆန်စပါးအ‌ရောင်းအဝယ်ပြုလုပ်နေသူများအား သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သောလုပ်ငန်းများကိုထိန်းကျောင်းနိုင်ရန်နှင့် ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဆန်စက်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းတည်နေရာတစ်နေရာတွင် ဆန်တန်ချိန်(၅၀)၊ (၁၀၀၀)အိတ်နှင့် စပါးတင်း(၅၀၀၀)အတွက် သိုလှောင်မှုပမာဏကိုမှတ်ပုံတင်ရန်သတ်မှတ်ခြင်း၊ ပမာဏပြောင်းလဲခြင်းကို သတင်းပို့သည့်စနစ်ကောင်အထည်ဖော်ရန်၊ ICTနှင့် Digital နည်းပညာကိုအသုံးပြု၍ အွန်လိုင်းမှမှတ်ပုံတင်ခြင်း၊ Online Registration   စနစ်ကျင့်သုံးဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လုပ်ငန်းထိရောက်စေရေး စားသုံးသူရေးဦးစီးဌာနမှတစ်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်သာမက မှတ်ပုံတင်စနစ်ကျင့်သုံးနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အသေးစိတ်ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တိုင်းဆန်စက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင်၊ လုပ်ငန်းရှင်စုစုပေါင်း(၂၃)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)