မြို့သစ်မြို့နယ်၌ နွေစပါးများစတင်ရိတ်သိမ်းလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ လယ်မြေဧက (၅၇၈၅၁) ဧက၊ ယာမြေဧက (၉၀၇၁၆) ဧကနှင့် ကိုင်းကျွန်းမြေဧက (၁၀၅၆) ဧကများပေါ်တွင် စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့် မြေပဲ စသည့်သီးနှံများကိုစိုက်ပျိုးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်တွင် နွေစပါးစိုက်ဧက (၇၀၀၀) ဧကရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့သစ်မြို့နယ်တွင် (၂၅၄၅) ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ စပါးကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပါကြောင်း၊ ယခု ဇွန်လအလယ်မှစတင်၍ နွေစပါးများရိတ်သိမ်းလျက်ရှိပြီး စပါး (၁) တင်းလျှင် ကျပ် (၁၅၀၀၀) မှ ကျပ် (၁၆၀၀၀) အထိအရောင်းအဝယ်ရှိကြောင်း၊ ယခင်၂၀၂၂ခုနှစ်တွင် နွေစပါးစိုက်ဧကမှာ (၇၈၀၀) ဧကရှိပြီး စပါးတစ်တင်းလျှင် ကျပ် (၇၅၀၀) ဖြင့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ တောင်သူအများစုမှာ ရတနာတိုးစပါးမျိုးသာစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးမှုအောင်မြင်ခဲ့ပြီး (၁) ဧကလျှင် စပါး (၇၅) တင်း၊ (၈၀) တင်းထွက်ရှိ၍ (၁)ဧကအကျိုးအမြတ်အနေဖြင့် ကျပ် (၆၀၀၀၀၀) ခန့်ရရှိကြောင်း တောင်သူများ၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)