မြို့သစ်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကုန်အညွှန်းအမှတ်အသားနှင့် တားမြစ်ထားသော စားသောက်ကုန်များအကြောင်း အသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်များအကြောင်းတို့အား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် မြို့သစ်မြို့၊ စည်ပင်သာယာစျေး၏တောင်ဘက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင်သွားရောက်၍ အသိပညာပေးဟောပြောခဲ့ရာ စိုက်ပျိုးစရိတ်ထုတ်ချေးရန် လာရောက်သည့် မြို့သစ်မြို့နယ်၊ သဖန်းကုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဆယ်မောင်က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ စားသုံးရန်မသင့်ဟု တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှုအား စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)