အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၂၁-၆-၂၀၂၃) ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၇-၆-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ (၅၈၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၁၈၀၀)ဖြစ်၍ ကျပ်(၆၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(H-L)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)မှ ကျပ်(၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀)မှ  ကျပ်(၉၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြစ်သည့် ပဲစဉ်းငုံ(နီ)(၇၀၀)အိတ်၊ မတ်ပဲ(၂၁၀)အိတ်၊ ကုလားပဲ(H-L) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၇၀) အိတ်၊ ပဲကြီး(၆၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် လည်းကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြစ်သော မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်းသိရှိရပါသည်။

 DOCA(မကွေး)