အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀) မှ ကျပ် (၁၃၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၈၀၀) မှ ကျပ် (၁၆၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၆၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၃၅၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၅၀၀) မှ ကျပ် (၁၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၆၀၀) အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင် ကျပ် (၂၂၀၀) မှ ကျပ် (၂၃၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၇၂၀၀) မှ ကျပ် (၇၅၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၈၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၆၀) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး (ရှည်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀) မှ ကျပ် (၁၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၃၀၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၆၀၀၀) အတွင်းဖြစ်ကြောင်း၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၂၃၅၇၀၀) ကျော်၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် (၁၈၀၃၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၂၃၉၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၇၀၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၆၇၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၃၆၀၀) ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၈၇၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)