ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ရောင်းအားကောင်းလျက်ရှိသော ကြက်ဥကို ရှမ်းပြည်နယ်၊တောင်ကြီးနှင့် အင်းလေးဒေသမှ အများဆုံးတင်သွင်းရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးသေး တစ်လုံးလျှင် (၂၃၀)ကျပ်နှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၅၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္တပတ်)နှင့် နှိုင်းယှဉ်လျှင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ဒေသကြက်ခြံထွက် ကြက်ဥများမှာလည်း ရောင်းအားကောင်းလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)