ဖျာပုံတမံကျေးရွာ (အ-ထ-က) ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံတမံကျေးရွာ၊ (အ-ထ-က) ကျောင်း၌ ပြည်သူ့ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ (၂၆၅) ဦး၊ ဆရာ/ဆရာမ (၁၇) ဦး၊ စုစုပေါင်း (၂၈၂) တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် ခံတွင်းဆိုင်ရာဆရာမက နည်းစနစ်မှန်စွာသွားတိုက်ခြင်းများကို လက်တွေ့သင်ကြားပေး၍ သွားနှင့်ခံတွင်းဆိုင်ရာအကြောင်းအရာများကိုဟောပြောပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  အခန်း(၉)၊ ဥပဒေပုဒ်မ(၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင်အ‌ရေးများ၊ လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသောကုန်စည်များ၏တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်၊ ဝန်ဆောင်မှုများကို မည့်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကိုဟောပြောခဲ့ပြီး ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခန်း (၁၈)၊ ပုဒ်မ(၄၁)၊ (၄၃)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကိုပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားခွင့်စင်တာများဖွင့်ထားကြောင်း Call Center No. (1535) သို့လည်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)