ရွှေဘိုခရိုင်၏ နွေနှမ်းစိုက်ပျိုးထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးသီးနှံများကို အဓိကစိုက်ပျိုးပြီး ဆည်ရေပေးဝေ နိုင်မှုအပေါ်မူတည်၍ နွေသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေနှမ်း ခရိုင်ချုပ် (၇၄၃၄၈)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၇၇၅၃)ဧက၊ ဝက်လက်မြို့နယ်တွင်(၆၆၄၀၂)ဧက၊ ခင်ဦးမြို့နယ် တွင်(၁၉၃)ဧကစိုက်ပျိုးထားကြောင်း၊ နွေနှမ်းအနေဖြင့် စိုက်ပျိုးပြီး အသီးစတင်သီးသည့်အချိန်တွင် မိုခါမုန်တိုင်းဒဏ်ခံရသဖြင့် သီးနှံတစ်ဧကအထွက်နှုန်း လျော့နည်းခဲ့ကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၉)တင်းခန့်သာထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇွန်လ(လကုန်ပတ်)အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နွေနှမ်းမှာ မေလ၊ စတုတ္ထပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့ကြောင်း၊ ဇွန်လ(လကုန်ပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ (လကုန်ပတ်)တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်းလျှင် (၁၁၂၀၀ဝိ/-) ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ(၂၂၀၀)တင်း/ (၅၃)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက် တစ်တင်းလျှင် (၇၇၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် နှမ်းတစ်တင်းလျှင် (၃၅၀၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ဇွန်လ(စတုတ္ထပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက စတုတ္ထပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် နောက်ဆုံးပတ်တွင် စတုတ္ထပတ်အောက် နှမ်းနက်တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)