မွန်ပြည်နယ်၏ ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုပေးပွဲ” အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်အားပေးခဲ့

Powered by Drupal

    မွန်ပြည်နယ်၌ ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုပေးပွဲ” အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့၊ ညနေပိုင်းတွင် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ပြည်နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။

    ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘီးလင်းမြို့နယ်၊ ဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ်၊ ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဌာနဆိုင်ရာများအားကြည့်ရှုခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ပထမ၊ ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဘီးလင်းမြို့နယ်၊ ဘောလုံးအသင်းကို ဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများချီးမြှင့်ခဲ့သည်။

  မွန်ပြည်နယ်အနေဖြင့် မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(မွန်)