ဆန်ကုန်သည်အသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

  မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ဆန်ကုန်သည်အသင်း၊  မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၊ သစ်သီးဝလံအသင်းတို့ပူးပေါင်း၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် အများပြည်သူတို့ထံသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချမည့် အခွန်လွတ်ဈေးဖြစ်သော အခြေခံစားကုန်များ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်တို့ကို  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဈေးတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 အဆိုပါအခွန်လွတ်ဈေးတွင် ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများကိုရောင်းချရာတွင် ဆန်ကုန်သည်အသင်းက ပူးပေါင်းပါဝင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို (၃၀-၆-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရောင်းချမည့်ဆန်အမျိုးအစားသတ်မှတ်ခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

             DOCA(မွန်)