ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀)ရက်ထိ (စတုတ္ထပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၇)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ(စတုတ္ထပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၉၅၀ မှ ၁၉၃၅)၊ အလတ်စ ကျပ်(၁၉၀၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၀၀ မှ ၁၅၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇွန်လ (တတိယပတ်)တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ် တွင် ထိပ်စ (ရှယ်)နှင့် အလတ်စ၊ အသေးစတို့မှာ (၁)ပိဿာလျှင် ကျပ်(၅၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။ ယခု ဇွန်လ (စတုတ္ထပတ်)အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၅)သိန်းခန့်၊ (၁၆၆၆၇)အိတ်၊ တန်ချိန် (၈၁၆)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၃၀၀ မှ ၁၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)