မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မင်းဘူးမြို့ပေါ်၌ စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ တတိယအပတ်နှင့် စတုတ္တအပတ်တို့တွင်ဖြစ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၉၇၅)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့လာခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၃၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၀၅၅)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့လာခဲ့ကြောင်း၊ ဓာတ်ဆီ(၉၂)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၉၉၀)ဖြစ်၍ ကျပ်(၆၀)ဈေးလျော့လာခဲ့ကြောင်း၊ ဓာတ်ဆီ(၉၅)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၄၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၈၅)ဖြစ်၍ ကျပ်(၆၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးလျော့ကျလာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)