အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၈-၆-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၅၀၀၀မှ ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ် (၄-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀မှ ၂၉၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၈၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၁၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၁၅၀၀)ဖြစ်၍ ကျပ်(၉၇၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည် ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၈၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ် (၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀မှ ၉၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀မှ ၉၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ် များဖြင့် ပဲစဉ်းငုံ(နီ) (၉၀၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L) (၅၅၀)အိတ်၊ ကုလားပဲ (မြကြေး)(၄၃၀)အိတ်၊ ပဲကြီး(၇၅၀)အိတ်နှင့် မြေပဲလုံးဆံ(ဖြူ) (၄၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များ သို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)