Online Talk Show အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

 ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၁-၄-၂၀၁၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအမည်ဖြင့်ဖွဲ့စည်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။

  (၁၅-၃-၂၀၁၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေပါပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၃၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Online Talk Show အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

    ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များအနက် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အာမခံချက်ပေးခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဟောပြောခဲ့သည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)