ကြို့ပင်ကောက်မြို့နယ်တွင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး၊ ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်းသရုပ်ပြပွဲကို (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အုန်းတော ကျေးရွာမှ တောင်သူတစ်ဦး၏စိုက်ခင်းတွင် သရုပ်ပြစိုက်ပျိုးခဲ့ပါသည်။

 အဆိုပါ တောင်သူ၏ နို့စားနွားမွေးမြူရေးလုပ်ငန်းခွင်တွင် နို့စားနွားအကောင်ရေ ၃၅ကောင်မွေးမြူထားရာ တိရစ္ဆာန်အစာပင်များကိုစိုက်ပျိုးကြသော်လည်း မွေးမြူရေးအစားအစာများကို အစားထိုးကျွေးမွေးခြင်းဖြင့် အစားထိုးနှုန်းတိုးလာခြင်း၊ အခြားသောတိရစ္တာန်များဖြစ်သော ကြက်၊ ဘဲ၊ ဝက်တို့ကို တွဲဖက်ကျွေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် တိရစ္ဆာန်အစာအဖြစ်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ကူညီမှုဖြင့် မြေတစ်ဧကစိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 အဆိုပါတိရိစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့် ကျေးရွာသူ/ကျေးရွာသားများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)