ပြည်ဒေသထွက် ဂန္ဓာမာ

Powered by Drupal

   အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းသည် မြင်သူတိုင်း သဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓာမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်သောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓာမာပန်းသည် ဘုရားပန်းအဖြစ် လည်းကောင်း၊ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြသောပန်းဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းများကို စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

   ဂန္ဓာမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား ပန်းပွင့်၏ပုံစံ၊ ပန်းပွင့်၏ အရောင်၊ အပင်အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓာမာပန်း အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည့်အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့အနီးအနားရှိကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓာမာပန်းများကို ဈေးကွက်အတွင်းရောင်းချလျက်ရှိရာ ဂန္ဓာမာပန်း (၁၀) ပွင့်စည်း တစ်စည်းလျှင် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်းနှင့် အနီးအနားရှိ ရွှေတောင်မြို့နှင့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)