တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ယခုဇူလိုင်လ(ပထမအပတ်)တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်ပါသည်။
ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး၊ အလတ်ရော ၂၂၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၇၅၀၀ ကျပ်၊ အကြီး ၈၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်ဖြူ ၈၀၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၉၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၄၀၀ ကျပ်၊ တရုတ်အာလူး ၃၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိနှင့် ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။
မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၆၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ဖြင့်ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၃၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)