တောင်ငူမြို့တွင် စက်သုံးဆီဈေးပြန်လည်ကျဆင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်ရှိခဲ့ပါသည်။

    ယခုအပတ်တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

    အုတ်တွင်းမြို့တွင် 92 RON တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၆၅ ကျပ်ရှိကြောင်း Prtro-K စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

     ရေတာရှည်မြို့တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၇၄ ကျပ်ရှိကြောင်း Green Luck စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

     သို့ဖြစ်၍ ယခုအပတ်တွင် ယခင်အပတ်ကထက် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ၃၀ ကျပ်မှ ၅၀ ကျပ်ခန့်အထိ ဈေးနှုန်းကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)