မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်နှင့် ဇူလိုင်လ၊ ပထမအပတ် စက်သုံးဆီ စျေးနှုန်းအခြေအနေ

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မကွေးမြို့ပေါ်၌ စက်သုံးဆီဆိုင် (၂၁) ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်နှင့် ဇူလိုင်လ၊ ပထမအပတ် စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ယခင်အပတ်တွင် (၁၉၇၅) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၁၉၈၀) ကျပ်ဖြစ်၍ (၅) ကျပ် စျေးမြင့်လာခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်) (၁) လီတာလျှင် ယခင်အပတ်တွင် (၂၀၅၅) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၀၆၀) ကျပ်ဖြစ်၍ (၅) ကျပ်စျေးမြင့်လာခဲ့ကြောင်း၊ ဓာတ်ဆီ (95) (၁) လီတာလျှင် ယခင်အပတ်တွင် (၂၀၈၅) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၂၉၅) ကျပ်ဖြစ်၍ (၁၀) ကျပ်စျေးမြင့်လာခဲ့ကြောင်း၊ ဓာတ်ဆီ (92) (၁) လီတာလျှင် ယခင်အပတ်တွင် (၁၉၉၀) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၁၉၇၀) ကျပ်ဖြစ်၍ (၂၀)ကျပ်စျေးလျော့လာခဲ့ကာ စျေးနှုန်းအတက်အကျရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)