“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း ရောင်းချလျက်ရှိသောအခြေခံစားကုန်များမှာ ဧရာပဒေသာဆန်တစ်ပြည်လျှင် (၄၂၀ဝိ/-) ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၃၅၀ဝိ/-) ကျပ်၊ မနောသုခဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၈၃၀၀ဝိ/) ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၆၀ဝိ/-) ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင် (၂၈၀ဝိ/-) ကျပ်၊ (လတ်)တစ်ပိဿာလျှင် (၂၆၀ဝိ/-) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၂၄၀ဝိ/-) ကျပ်၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင် (၇၅၀ဝိ/-) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀ဝိ/-) ကျပ်၊ မန်ကျည်းသီး(ဟောင်း)တစ်ပိဿာလျှင် (၄၅၀ဝိ/-) ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၆၀၀ဝိ/-) ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ်၊ဝက်သားတစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်၊အမဲသားတစ်ပိဿာလျှင် (၁၆၀၀ဝိ/-) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-) ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၅၀ဝိ/-) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၅၀ဝိ/-) ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်နှင့် စားဆီတစ်ပိဿာလျှင် (၇၅၀ဝိ/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းများကို ယခင်ဇွန်လနောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာဆန်၊ မနောသုခဆန်၊ ကြက်သွန်နီ၊ အာလူး၊ ချင်း၊ ပဲဆီနှင့်စားဆီဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)