ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အ‌ရောင်းဆိုင်များကို စျေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်‌‌ရေးဦးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက် ကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

   အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးကုန်စည်(၃)မျိုးအနက် တစ်မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုးကို စျေးကွက်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုတို့တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် စားသုံးဆီများကိုသာရောင်းချရန်နှင့် သက်တမ်းလွန်စားသုံးဆီများရောင်းချနေမှုမရှိစေရန် စစ်ဆေးကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)