ဗာဒံစေ့နှင့် ကျန်းမာရေး

Powered by Drupal

     မြန်မာနိုင်ငံတွင် ဗာဒံပင်များ အလေ့ကျ အများအပြားပေါက်ရောက်လျက်ရှိကြပါသည်။ ဗာဒံပင်ကို အရိပ်ရရန်အိမ်မှာ စိုက်ပျိုးကြပြီး ဗာဒံပင်၏ အသီးထဲမှ အဆံကို လူတိုင်း စားသုံးရကောင်းမှန်းမသိကြပါ။ ထိုကြောင့် သိသူဖော်စား မသိသူကျော်သွား ဆိုသလို မသိသူများ မရှိအောင် ကျန်းမာရေးအတွက် အရေးပါတာများသိရှိအောင် ရေးသားလိုက်ရပါသည်။

      ဗာဒံစေ့ကို ပြည်မြို့ လေးဆူဓါတ်ပျော် ရွှေဆံတော် မြောက်စောင်းတန်းလမ်းနှင့် စစ်ကဲလမ်းထောင့်တွင် ဗာဒံသီးများကို အခြောက်ခံထု၍ အဆံကိုရောင်းချတာတွေ့ရပါသည်။ ဗာဒံသီး အဆံများကို နို့ဆီဘူးတစ်ဘူးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချသလို (၁၀၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုး အထိရောင်းချကြပါသည်။ ဒေသတွင်းစားဖူးသူများကလည်း ဝယ်စားသလို နယ်ဘက်မှလာသော သူများကလည်း ဝယ်ယူသွားကြပါသည်။ နေ့စဉ် ဗာဒံစေ့များ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။ ကျန်းမာရေးအရလည်း ဗာဒံစေ့ကိုစားသုံးခြင်းဖြင့် ဗီတာမင်အီး ပါဝင်သောကြောင့် မိန်းခလေးများနှင့် အထူးသင့်တော်ပြီး ဝက်ခြံပေါက်သူများသာမက အရေပြားရောဂါရှိသူများ နှင့်လည်း သင့်တော်ပါသည်။ ဗာဒံစေ့သည် အားနည်းသောသူများနှင့် နလန်ထစလူနာများအတွက် အထူးကောင်းမွန်သည့် ဖြည့်စွက်စာတစ်မျိုးဖြစ်ပါသည်။ ဆံပင်ကျွတ်သူများ အနေဖြင့် ဗာဒံဆီကို လိမ်းပေးနိုင်ပါသည်။

      ဗာဒံစေ့ ဝယ်/ရောင်းဒိုင်များကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနားမြို့များတွင် ဖွင့်လှစ်ထားရှိကြောင်းသိရပါသည်။ ဈေးနှုန်းများမှာ ဗာဒံစေ့ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်ပိဿာလျှင် ဗာဒံစေ့ (၃)ထောင်နီးပါးပါဝင်သည်ဟု သိရပါသည်။ လက်ကားဝယ်ယူသူများအတွက် ပိဿာချိန် (၃၀)အထက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အချိန်(၅၀)အထက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဈေးဖြင့်လည်းကောင်း ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)