ရာသီစာဖျံပင်ဈေးကွက်

Powered by Drupal

    ဖျံပင်သည် အပင်ပေါက်နှင့် ဥကိုချက်၍စားရသော အလေ့ကျပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ မိုးရွာသည်နှင့်တစ်ပြိုင်နက် အစို့များထွက်လာပါသည်။ ဖျံပင်၏ရိုးတံပေါ်တွင် အစက်အပျောက်များပါရှိတက်ပြီး အပွင့်သည် ပိန်းပန်းကဲ့သို့  ရှိပါသည်။ ယခုအချိန်သည် မိုးရာသီအချိန်ဖြစ်သဖြင့် ဖျံပင်ပေါက်ကလေးများကို ဈေးကွက်တွင်ရောင်းချနေပါသည်။ ဖျံဥကို တစ်ချို့က ဝဥလို့လည်းခေါ်ကြပါသည်။ ဖျံပင်များကို ပြည်မြို့ရှိဈေးများသို့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်နှင့် ပန်းတောင်ဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး ရန်ကုန် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်းချသောဈေးနှုန်းများမှာ ဖျံပင်တစ်စည်းလျှင် (၂၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)