အရောင်းသွက်နနွင်းတက်

Powered by Drupal

     ယခုတစ်ပတ် ပြည်မြို့၏ ပရဆေးဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်မှာ နနွင်းတက်ပင်ဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သောကြောင့် ခြင်၊ ယင်ပေါသည့်အချိန် ဖြစ်သည့် အတွက် ခြင်ဆေးခွေအစား ကျန်းမာရေးအရလည်း အဆင်ပြေသော သဘာဝနနွင်းတက်ကိုသာ လူအများကဝယ်ယူသုံးစွဲခြင်း၊ ဟင်းချက်ရာတွင်လည်း အသုံးပြုခြင်းတို့ကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နနွင်းတက်ကို ခြင်ပြေးစေရန် အသုံးပြုခြင်းကြောင့် လူတို့အတွက် အန္တရာယ်မဖြစ်စေဘဲ ကျန်းမာရေးအတွက် ခေါင်းအုံခြင်း၊ ဇက်ကြောတက်ခြင်းများကို ပျောက်ကင်းစေပါသည်။ နနွင်းတက်ကို မီးဖိုထားလျှင် ခြင်၊ ယင်နှင့် အင်းဆက်ပိုးမွှားများ ကင်းဝေးစေပါသည်။ တစ်ချို့ဈေးဆိုင်များတွင် နနွင်းတက်ကို မီးထွန်းညှိဖို့ မီးဖိုသီးသန့်ရှာစရာမလိုဘဲ တစ်ခါထဲတွဲ၍ ရောင်းချကြောင်း သိရပါသည်။ နနွင်းတက်ဈေးမှာ တစ်ပိဿာလျှင် လက်လီဈေး (၄၀၀၀)ကျပ် ဖြစ်ကြောင်း သိရပါသည်။

    နနွင်းတက်များကို ပြည်မြို့ရှိ ပရဆေးဆိုင်များသို့ နယ်စုံမှဝင်ရောက်မှုရှိပြီး မင်းတုန်း၊ ဟင်္သာတနှင့် အောင်ပန်းမြို့များမှ အများဆုံးဝင်ရောက်မှုရှိပြီး တစ်ရက်လျှင် ပျမ်းမျှပိဿာချိန် (၁၅/၂၀)ခန့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)