ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ်လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ ကျွန်မတို့ နံနက်ခင်းစာမှာ နေ့စဉ်လိုလို ပါဝင်နေသော စားတော်ပဲသီးနှံပဲဖြစ်ပါသည်။ စားတော်ပဲသီးနှံဟာဆိုလျှင် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ သီးနှံများထက်ပင် ဈေးကောင်း ရလျက်ရှိခဲ့ကြပါသည်။ ဒါကြောင့် ယခင်နှစ်ကကာလတူအချိန်ဈေးမှာ တစ်တင်း ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ ပိဿာ ၂၀ တစ်တင်း ၁၄၅၀၀၀ ကျပ်အထိ ဈေး မြင့်တက်လာ၍ ပဲဈေးကွက်အတွင်း စံချိန်တင်မြင့်တက်လျက် ဈေးအမြင့်ဆုံးရခဲ့ပါသည်။ ပဲဈေးနှုန်း သိသိသာသာ မြင့်တက်လာသလို စားတော်ပဲပြုတ်မှာ တစ်ဆယ်သားလျှင် ၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။
DOCA(ပဲခူး)