မြန်မာလူမျိုးတို့၏ ဟင်းလျာတိုင်းတွင် ခရမ်းချဉ်သီးသည် ဟင်းအနှစ်ပြုလုပ်ရာ၌ အသုံးများသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာအမျိုးမျိုးတွင် ချက်နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်၍ရသည့်အပြင် ခရမ်းချဉ်သီးတွင် ဗီတာမင်အမျိုးမျိုး၊ ကယ်လ်ဆီယမ်နှင့် Lycopene ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သော သီးနှံတစ်မျိုးဖြစ်ပါသည်။
ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများတွင်လည်းစိုက်ပျိုးရောင်းချကြသည့်အပြင် အခြားဒေသများမှလည်း မှာယူရောင်းချလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ၊ ပထမအပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်လ၊ ပထမအပတ်နှင့် ယခုလ၊ ပထမအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရပါသည်။
DOCA(ကယား)