ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

 စားဖိုဆောင်သုံးစားသောက်ကုန်အနေဖြင့် ကြက်သွန်ဖြူသည် မရှိမဖြစ်လိုအပ်လှပါသည်။ နေ့စဉ် ချက်ပြုတ်စားသောက်ရာ ဟင်းလျာများတွင်လည်း မြန်မာလူမျိုးများသည် ကြက်သွန်ဖြူကို အခွံနွှာ၍သော်လည်းကောင်း၊ ငရုတ်ဆုံတွင် ထည့်ထောင်း၍သော်လည်းကောင်း ချက်ပြုတ်၍ စားသောက်ကြပါသည်။ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူစိုက်ဧက ၃၀,၀၀၀နီးပါးစိုက်ပျိုးကြပြီး တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကာ ကျန်မြို့နယ်များတွင်လည်း အနည်းငယ်စီစိုက်ပျိုးကြပါသည်။ကယားပြည်နယ်တွင် ယခုဇူလိုင်လ၊ ပထမအပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ယခင်ဇွန်လ၊ စတုတ္တအပတ်တွင် (၆၀၀၀) ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇွန်လ၊ စတုတ္တအပတ်နှင့် ယခုဇူလိုင်လ၊ ပထမအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် (၁၀၀၀) ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်တက်လာကာ ဈေးတက်လာခြင်းဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)