မကွေးမြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သောလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေး

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ထုတ်လုပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်တစ်ဦးချင်းကို ခေါ်ယူတွေ့ဆုံခြင်းထက် ပိုမိုထိရောက်မှုရှိစေရန် မြို့နယ်အတွင်း ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်များအားလုံးကို ခေါ်ယူစုစုည်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ရန်ဟု မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၂-၆-၂၀၂၃) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃) တွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လမ်းညွှန်မှုပြုခဲ့ပါသည်။

   သို့ဖြစ်၍ မကွေးမြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းရှင် (၁၈) ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံး၌ (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခေါ်ယူစုစည်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရမည့်အချက်အလက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ မြန်မာစာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်အုပ်စု (၈) ခုတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)