![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၃၈_2.jpg?itok=UyLR0BjF)
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများကို စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန်ရည်ရွယ်၍ (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အမှတ် (၇) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရပါသည်။
အခြေခံစားသောက်ကုန်များဖြစ်သော ဆန် (၁) ပြည်လျှင် ကျပ် (၂၀၀၀)၊ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်ဥ (၅) လုံးလျှင် ကျပ် (၁၁၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀) တို့ဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ (၅၆၉) ဦးတို့က လွတ်လပ်စွာဝယ်ယူခဲ့ကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)