မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

    မုံရွာမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင် ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀ မှ ၂၅၅၀၀၀၀၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၇၀၀၀ မှ ၁၀၀၀၀၀ ထိ၊ မနောသုခစပါးတင် ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ကျပ် ၂၈၅၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၉၉၀၀၀ မှ ၁၀၅၀၀၀ ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။

    ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀ ကျပ် ၊ ဧရာမင်းဆန်  ၂၄ ပြည်ပါတစ်အိတ်လျှင် ၅၀၀၀ ကျပ် ၊ ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀ ကျပ် ၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ၅၀၀၀  ကျပ် အသီးသီး ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)