မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၁၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၁၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၄၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၆၆၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၇၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၈၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းခွဲခန့်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။
DOCA(စစ်ကိုင်း)