ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ဇူလိုင်လ (‌ပထမပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(နောက်ဆုံးပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၂၀၃၇၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၊ စုစုပေါင်း အိတ်ရေ ၄၈၄၀၀၊ တန်အားဖြင့် ၂၄၂၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၇၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၁၀၀၀၊ တန်အားဖြင့် ၃၀၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၂၆၀၀၊ တန်အားဖြင့် ၆၃၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဇူလိုင်လ (ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀ လျှင် ကျပ် ၁၅၅၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)