တောင်ငူမြို့တွင် ပြင်ဦးလွင်မှ ပန်းထိမ်ငိုပန်းများဝင်ရောက်နေ

Powered by Drupal

   တောင်ငူမြို့တွင် ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများဝင်ရောက်လာပြီဖြစ်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဘုရားပန်းဆိုင်များတွင် ယခုအချိန်တွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်းရောင်းချလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဝင်ရောက်လာသောပန်းများမှာ စတင်ပွင့်သည့်ကာလဖြစ်သဖြင့် အပွင့်ကြီးပါသည်။ ကာလကြာလာလျှင် အပွင့်များသေးသွားကြောင်းသိရပါသည်။ ၁၀ပွင့်ပါ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် ကျပ် ၂၀၀၀ ကျပ်ဖြင့်ရောင်းချပါသည်။

     တောင်ငူမြို့နယ်၊ ဝတီးကျေးရွာတွင် ပန်းထိမ်ငိုပန်းများစိုက်ပျိုးသော်လည်း ယခုကာလတွင် အပွင့်ပွင့်ခြင်းမရှိသေးပါ။ ပန်းထိမ်ငိုပန်းများမှာ တာရှည်ခံသဖြင့် ရောင်းအားကောင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)