ရေတာရှည်မြို့တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများအတွက် တိုက်ရိုက်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချ

Powered by Drupal

  တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ အခြေခံလူတန်းစားများ အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့်ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများအတွက် တိုက်ရိုက်အရောင်းဆိုင်များကို ရေတာရှည်မြို့၊ စည်ပင်သာယာဈေးကြီး၏ အနောက်ဘက်ရှိ လမ်းမပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှစတင်၍ ဖွင့်လှစ်ရောင်းချခဲ့ပါသည်။

   ဇူလိုင်လ ၄ရက်နေ့တွင် ရောင်းချသောဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ ကြက်ဥ ၁၀လုံးလျှင် ၂၃၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှင့် ငါးတစ်ပိဿာလျှင် ၆၀၀၀ကျပ်တို့ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

  ရေတာရှည်မြို့၊ ဆန်စက်ပိုင်ရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များက သင့်တင့်သောဈေးနှုန်းများဖြင့် တိုက်ရိုက်ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)