တောင်ငူမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

 တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့ လာရောက်ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင်လည်း ၎င်းဈေးကားသည် စာအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ၁၁၀၀ပိဿာရောင်းချပေးခဲ့ပါသည်။

     ဇူလိုင်လ ၄ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်ရှိ ဝက်ကုန်းဈေးရှေ့၌လည်းကောင်း၊ ဇူလိုင်လ ၅ရက်နေ့တွင် အမှတ်(၁၄)ရပ်ကွက်ရှိ မြစည်းခုံဘုရားရှေ့၌လည်းကောင်း၊ အဆိုပါရက်များတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊  မြို့နယ်စာရင်းရုံး၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများကိုလည်းကောင်း တစ်ပိဿာ ၅၀၀၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း စားအုန်းဆီပိဿာ ၁၁၀၀ရောင်းချပေးခဲ့ပါသည်။

  ပဲခူးခရိုင်မှ ဆီဈေးကားသည် ၅၀ကျပ်သားဝင်ဘူးများဖြင့် လာရောက်ရောင်းချခြင်းဖြစ်ကြောင်း၊ ၎င်းဆီဈေးကားသည် ယခင်လတွင် တောင်ငူမြို့သို့ လေးကြိမ်လာရောက်၍ စားအုန်းဆီပိဿာ ၄၄၀၀ကိုရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဈေးနှုန်းမှာ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အပြောင်းအလဲရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)