ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၈၀၀၀-၉၈၈၀-၁၀၀၁၀၀)၊ ကုလားပဲဝါ လုံးကြီး(929) တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် ကျပ်(၈၃၆၀၀-၈၄၃၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ်(၄၇၀၀၀-၅၄၀၀၀)၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ်(၄၆၅၀၀-၄၆၈၀၀)၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင် ကျပ်(၁၉၂၀၀)၊ပဲယင်းနီ တစ်တင်းလျှင် ကျပ်(၇၄၃၀၀)၊ မတ်ပဲ တစ်တင်းလျှင် ကျပ် (၅၀၀၀၀-၅၉၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ် (၈၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။
ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ ပဲစဉ်းငုံနီ (၁၅၀၀)အိတ်၊ ကုလားပဲ ဝါလုံးကြီး (929) (၃၀၀)အိတ်၊ ကုလားပဲဖြူလုံး (V2/V6) (၁၅၀၀)အိတ်၊ ပဲတီစိမ်းကြီး (၂၅၀၀)အိတ်၊ ပဲဇီးကွက် (၂၅၀)အိတ်၊ ပဲယင်းနီ (၁၀၀)အိတ်၊ ပြောင်းဖူးစေ့(CP) (၂၀၀)အိတ်၊ မန်ကျည်းတောင့် ကုန်ချိန် ပိဿာ(၁၅၀၀၀)ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)