ဆိပ်ဖြူမြို့တွင် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော စားသုံးဆီများမရောင်းချစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်းနှင့် ဒု-ဦးစီးမှူး ဒေါ်တင်မာရီတို့သည် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် မြို့ပေါ်ရပ်ကွက်များ၌ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရေးကမ်ပိန်း (Campaing) နှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသောစားသုံးဆီများကို ဈေးကွက်အတွင်း ရောင်းချရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့ရှိ စားသုံးဆီရောင်းချနေသောဆိုင်များ၌ စားသုံးသူများ နေ့စဉ် မပါမဖြစ်သုံးစွဲလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်မနေပါဝင်ဖော်ပြရမည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြကာ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ဖော်ပြကြရန်၊ မြန်မာဘာသာဖြင့် မဖြစ်မနေပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် စားသုံးဆီအမျိုးမျိုး ထုတ်လုပ်ရောင်းချဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိကြရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးဆီဆိုင်(၉)ဆိုင်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)