တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကုန်မြို့နယ်တို့အတွင်း စားသုံးဆီအမျိုးမျိုးကိုစစ်ဆေး

Powered by Drupal

    (၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်မှ နေ့လယ် (၁၅:၃၀) နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေ‌သော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးမော်(ဒု-ကြီးကြပ်ရေးမှူး)နှင့်အတူ တာဝန်ရှိဝန်ထမ်းများက တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးနှင့် ရန်ကင်းမြို့နယ်(စံပြဈေး)အတွင်းရှိ စားသုံးဆီ(အမှတ်တံဆိပ်မျိုးစုံ)ကိုစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈)၊ ပုဒ်မ (41)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)