“ကျောက်တန်းငါးခြောက်အကြောင်း သိကောင်းစရာ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများအနက် မီးပြစံပြကျေးရွာသည် ငါးခြောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်လျက်ရှိသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ကျောက်တန်းမြို့မှထွက်ရှိသည့် ငါးခြောက်၏လူသိများလှပုံမှာ ကျောက်တန်းမြို့ဟုပြောလိုက်သည်နှင့် ကျောက်တန်းငါးခြောက်ကိုပြေးမြင်မိသကဲ့သို့ ကျောက်တန်းငါးခြောက်ဟုပြောလိုက်သည်နှင့် မသိသူမရှိလောက်အောင် လူသိများလှပေသည်။

    ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာမှ အဓိကဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်အမျိုးအစားများမှာ ငါးပြေမခြောက်၊ ငါးကတ်သာခြောက်၊ ငါးရောင်ခြောက်၊ ငါးနှပ်ခြောက်၊ ငါးပုတ်ခြောက်၊ ငါးပုတ်သင်ခြောက် (ခ) နတ်ကတော်ခြောက်ဟူ၍ (၆) မျိုးရှိကြောင်း ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရပါသည်။

    အဆိုပါ ငါးခြောက်များကို ကျောက်တန်းမြို့နယ်အတွင်း၌သာရောင်းချကြောင်းနှင့် ကျောက်တန်းမြို့ရှိ ရေလည်ဘုရားသို့ ဘုရားဖူးလာရောက်သည့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များကလည်း ဝယ်ယူအားပေးလျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ငါးပြေမခြောက်တစ်ပိဿာလျှင် (၂၇၀၀ဝိ/-) ကျပ်၊ ငါးကတ်သာခြောက်တစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် (၃၅၀၀ဝိ/-) ကျပ်၊ ငါးနှပ်ခြောက်တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပြီး ငါးခြောက်ဈေးကွက်အနေဖြင့် နွေရာသီအချိန်တွင် ရောင်းအားကောင်းပြီး မိုးရာသီအချိန်၌ ရောင်းအားပါးကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)