ပခုက္ကူဒေသသည် စပါးစိုက်ဧကနည်းပြီး စားသုံးဆန်ဖူလုံမှုမရှိသောကြောင့် တခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရပါသည်။ ဧရာဝတီတိုင်းဒေသကြီးဖြစ်သော ပုသိမ်၊ မြောင်းမြ၊ မြန်အောင်မြို့များမှ ရေကြောင်းလမ်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။
ပခုက္ကူဒေသတွင် ဆန်များကိုမှာယူစားသုံးရပြီး သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်းကြောင့် ဆန်ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင် (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်နေသောဆန်ဈေးနှုန်းများမှာ အများစားသုံးသောဆန်ဖြစ်သည့် မြောင်းမြဧရာပဒေသာမှာ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ စလင်း၊ ရှောက်တောဘက်တို့မှလာသော ဧရာပဒေသာထူးရှယ်တစ်အိတ်လျှင် ကျပ် (၁၀၂၀၀၀)၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ် (၈၅၀၀၀)၊ အောင်သုခတစ်အိတ်လျှင် ကျပ် (၇၉၀၀၀)၊ လိပ်မလေးတစ်အိတ်လျှင် ကျပ် (၈၂၀၀၀)၊ မနောသုခအဟောင်းတစ်အိတ်လျှင် ကျပ် (၇၉၀၀၀)၊ မနောသုခအသစ်တစ်အိတ်လျှင် ကျပ် (၆၄၀၀၀-၆၆၀၀၀)၊ ဝန်ကြီးပဒေသာတစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဧရာမင်းတစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဆလတ်ကြီး (မိုး) တစ်အိတ်လျှင် ကျပ် (၅၅၀၀၀)၊ ဆလတ်ကြီး (နွေ) တစ်အိတ်လျှင် ကျပ် (၅၃၀၀၀) အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသောဆန်ဖြစ်ပြီး ဇူလိုင် (ဒုတိယပတ်) တွင် ဇွန်လ၊ နောက်ဆုံးအပတ်ဈေးအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ မြောင်းမြဒေသမှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀-၁၀၀၀၀၀) ရှိပြီး ရွှေဘိုမှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၁၁၅၀၀၀) နှင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(မကွေး)