![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.20_1.jpg?itok=ELUyf-XJ)
ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်ထိ၊ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံး (၃၀၀)ကျပ်မှ (၅၀၀)ကျပ်၊ ပတ္တမြားငါးမောက်သရက်သီး တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ၊ကြက်မောက်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ၊ ခင်ဦးမြို့နယ်မှ ထွက်ရှိသော ပိန္နဲသီး တစ်လုံး လျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံး (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၀၀)ကျပ်၊ပုပ္ပါးမြို့မှ ထွက်ရှိသည့် နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊မက်မွန်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)