ဇူလိုင်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကိုအပတ်စဉ်တင်ပြလျက်ရှိပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်း ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-) ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၁၅၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၆၅၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၂၀၀ဝိ/-) ကျပ်နှင့် ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၁၀၀ဝိ/-) ကျပ်တို့ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter တစ်ဘူးလျှင် (၁၅၅၀ဝိ/-) ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၂၅၀ဝိ/-) ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၂၈၅၀ဝိ/-) ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၉၅၀ဝိ/-) ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g တစ်ဘူးလျှင် (၉၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ အရောင်းအဝယ်အေးနေသည့်အပြင် အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာမှာ ရွှေဘိုဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)