တောင်ငူမြို့မှ အသားတိုးကြက်မွေးမြူရေးလုပ်ငန်း

Powered by Drupal

    တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ဇရပ်ကြီးကုန်းကျေးရွာမှ ဦးထွန်းနောင်၏ အသားတိုးကြက်‌မွေးမြူရေးလုပ်ငန်းသည် အတော်အသင့်အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ လက်ရှိတွင် အသားတိုးကြက် အကောင်ရေ ၁၃၀၀ ကောင်ကို‌ မွေးမြူထားပါသည်။

     အသားတိုးကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်သားပေါက်နှင့် ကြက်စာများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် ကြက်သားပေါက်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ကြက်စာထုတ်လုပ်သည့် ကုမ္ပဏီများကို ချိတ်ဆက်ဆောင်ရွက်ထားရပါသည်။

   ကြက်သားပေါက်တစ်ကောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ကုမ္ပဏီမှဝယ်ယူပြီးသည့် နေ့မှ စ၍ ရက် ၄၀ ပြည့်လျှင် ရောင်းတမ်းဝင်အသားတိုးကြက်တစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။ ကြက်စာကို ကုမ္ပဏီမှ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးပါသည်။ အသားတိုးကြက် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချရပါသည်။

     ရက် ၄၀ ပြည့်၍ မွေးမြူထားသောကြက်များရောင်းပြီးသည့်အခါ အဆောက်အဦ၊ မီတာခ၊ အစာဖိုး၊ ဆေးဖိုးနှင့် အထွေထွေကုန်ကျစရိတ်ကိုနုတ်လျှင် ကျပ် ၁၀ သိန်းခန့် အမြတ်ကျန်ပါသည်။ တစ်ကြိမ်ရောင်းပြီး နောက်တစ်ကြိမ်ပြန်မွေးရန်အတွက် ရောဂါကင်းစင်စေရန် သန့်ရှင်းရေးပြုလုပ်ပြီး ၁၀ ရက်ခန့် နားထားရကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းနောင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)