ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် သရက်သီးမှည့်များ ဈေးသက်သာနေပြီး သရက်သီးအစိမ်း (သို့မဟုတ်) ဝင်းမှည့်များသည် ဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထွက်ရှိသော ရင်ကွဲသရက်သီးစိမ်းများသည် ဈေးကောင်းရလျက်ရှိပြီး အရောင်းသွက်ကြောင်း သိရပါသည်။ သရက်သီးအစိမ်းရှားချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ရင်ကွဲသရက်သီး အစိမ်းအချောအလုံးကြီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၁၅၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၃၀)ကျပ်မှ (၁၀၀)ကျပ်၊ အသေးတစ်လုံးလျှင် ကျပ်(၈၀) မှ ကျပ် (၅၀) ထိရှိပြီး ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)